ကျောင်းရွာ၊ ညောင်လေးပင်မြို့နယ်
ကျောင်းရွာ သည် ပဲခူးတိုင်းဒေသကြီး (အရှေ့)၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ဂျောင်းတာကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၈၈၇၀ ဖြစ်သည်။ ကျောင်းရွာ အမည်ကိုရှေးက ကျောင်းစုရွာ ဟုခေါ်တွင်ခဲ့ဖူးပြီးယခုအခါတွင် ကျောင်းရွာ ဟုသာအသုံးပြုသည်။ ကျောင်းရွာသို့ သွားမည်ဆိုပါကညောင်လေးပင်မြို့မှ မဒေါက်မြို့ သို့လာရပြီး မဒေါက်မှတဆင့် မဒေါက်-ကျောင်းရွာ၊ဒုံဇရစ် စက်လှေစီး၍လာရသည်။ ကျောင်းရွာတွင် အခြေခံပညာအထက်တန်းကျောင်းနှင့် တိုက်နယ်ဆေးရုံ၊စက်လှေဆိပ် တည်ရှိသည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဂျောင်းတာကျေးရွာအုပ်စုတွင် ကျား ၂၈၈၄ ဦး၊ မ ၃၁၂၄ ဦး၊ လူဦးရေ စုစုပေါင်း ၆၀၀၈ ဦးနေထိုင်သည်။ ဒေသအမည်မှာ ကျောင်း ဖြစ်သည်။
Read article